𝟏𝟖𝐤 𝐆𝐅 ဆိုတာ ?
𝟏𝟖𝐤 𝐆𝐅 ဆိုတာကတော့ 𝐁𝐚𝐬𝐞 𝐌𝐞𝐭𝐚𝐥 လို့ခေါ်တဲ့ ကြေး၊ ငွေ၊ 𝐀𝐥𝐥𝐨𝐲 အခံသတ္တုတစ်မျိုးပေါ်မှာ ရွှေလွှာပါးပါးဖြည့်ထားတဲ့ ရွှေဖြည့်အထည်ကိုခေါ်တာဖြစ်ပါတယ်။
18k GP နဲ့ 18k GF ဘာကွာလဲ ?
18k GP တွေထက်စာရင် 18k GF တွေက အနည်းငယ်လေးရွှေပါဝင်မှုပိုများပါတယ်၊ ရွှေပါဝင်မှုအနေနဲ့ပြောရရင်တော့ (5%) ပါဝင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် တာရှည်ခံမှုအနေနဲ့ပြောရရင်တော့ 18k GF တွေက ရွှေပါဝင်မှုအနည်းငယ်ပိုများတာကြောင့် 18k GP တွေထက်စာရင်အနည်းငယ်မျှတော့ ပိုသာသွားမှာဖြစ်ပါတယ်။
ဈေးနှုန်းပိုင်းမှာလည်း ရွှေ (𝟓%) သာပါဝင်လို့ ရွှေထည်အစစ်တွေထက်သက်သာတဲ့အထဲမှာပါပါတယ်။ 18k GF ရဲ့ဆိုးကျိုးတွေကတော့ 18k GP တွေနဲ့သိပ်ပြီးမခြားနားလှတဲ့အထဲမှာပါတယ်လို့ဆိုရမှာပါပဲ၊ 18k GP တွေလိုပဲ သတ္တုနဲ့ဓာတ်မတည့်တဲ့သူတွေအနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သတ္တုပါဝင်မှုအချိုးအစားကသိပ်မကွာလှလို့ပါပဲ။
နောက်ထပ်သိထားရမယ့်အချက်ကတော့ 18k GP တွေလိုပဲ 18k GF တွေမှာလည်း ရွှေထည်အစစ်တွေနဲ့ ရောထွေးမှားယွင်းစေနိုင်တဲ့ စကားလုံးများ၊အမှတ်တံဆိပ်များ ပါရှိတာပါပဲ။ ဒါ့ကြောင့် 18k ရွှေဖြူတွေကို ဝယ်တော့မယ်ဆိုရင် သေချာစစ်ဆေးပြီးမှသာလျှင်ဝယ်ယူသင့်ပါကြောင်း အသိလေးပေးလိုက်ရပါတယ်နော်။