Launching Learning Management System (LMS)

Blog Image
Blog Image
Blog Image

"တိုးတက်မှုတိုင်း၏ နောက်ကွယ်တွင် သင်ယူခြင်းသည် အဓိက အင်ဂျင်ဖြစ်သည်" ဟူသော ခံယူချက်နှင့်အညီ Yadanar More & More Family Group မှ ဝန်ထမ်းများအတွက် Learning Management System (LMS) ကို ယနေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

Learning Management System ဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးကို စနစ်တကျ မြှင့်တင်ပေးနိုင်ရန်နှင့် အစဉ်မပြတ် လေ့လာသင်ယူလိုသော စိတ်ဓာတ် (Continuous Learning Mindset) ကို ပျိုးထောင်ပေးရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါသည်။

အထူးသဖြင့်  Platform ပေါ်တွင် ပညာရပ်ဆိုင်ရာ သင်ခန်းစာများကို စနစ်တကျ ပြုစုကာ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပို့ချပေးကြသော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ဆရာကြီးများနှင့် ဆရာမကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဆရာကြီး၊ ဆရာမကြီးများ၏ အတွေ့အကြုံကောင်းများသည် ကျွန်ုပ်တို့ ဝန်ထမ်းများ၏ Skills & Knowledge ကို မြှင့်တင်ပေးရာတွင် အရေးပါဆုံးသော အရင်းအမြစ်များ ဖြစ်ပါသည်။

ဤအောင်မြင်မှုသည် ဌာနအသီးသီး၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးသော L&D Department နည်းပညာအရ ပံ့ပိုးပေးသော Software Development Department လိုအပ်သည်များကို ပံ့ပိုးကူညီပေးပါသော HR Departmentတို့ကို အထူးကျေးဇူးတင်ရှိပါသည်။

ဤသို့ ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု (Cross-functional Collaboration) သည် ကျွန်ုပ်တို့ အဖွဲ့အစည်းကို ပိုမိုခိုင်မာစေရုံသာမက၊ အနာဂတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အရည်အချင်းရှိသော ဝန်ထမ်းကောင်းများကို ဆက်လက်မွေးထုတ်ပေးနိုင်မည်ဟုလည်း ယုံကြည်ပါသည်။

Recent News

Blog Image
Blog Image
Blog Image

၂၀၂၄ ခုနှစ်၊ စတုတ္ထ(၃)လပတ်ကာလ (အောက်တိုဘာလ~ဒီဇင်ဘာလ)အတွက် ထူးချွန်ထက်မြက်သော ဝန်ထမ်းများအား ဆုချီးမြှင့်ပေးအပ်ခြင်း။

Mar 17, 2025
Blog Image

၂၀၂၄ ခုနှစ်၊ တတိယ(၃)လပတ်ကာလ (ဇူလိုင်လ~စက်တင်ဘာလ)အတွက် ထူးချွန်ထက်မြက်သော ဝန်ထမ်းများအား ဆုချီးမြှင့်ပေးအပ်ခြင်း။

Feb 15, 2025
Blog Image

၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလ(ဧပြီလ~ဇွန်လ)အတွက် ထူးချွန်ထက်မြက်သော အရောင်းဝန်ထမ်းများအား ဆုချီးမြှင့်ပေးအပ်ခြင်း။

Feb 15, 2025